January 18, 2010

BarCamp Yangon 2010 Invitation for International Barcampers





...BarCamp Yangon 2010 Invitation for International Barcampers ...


Image Hosted by ImageShack.us

image from Barcampyangon.org

January 6, 2010

Free application on my netbook .......


...Free application on my netbook ...
ကျနော့် ရဲ့ Laptop မှာ အလကားလဲ ရ အသုံးလဲ တည့်တဲ့ software တွေ တော်တော်များများ ရှိပါတယ်။ အဲဒီ့ ထဲကမှ အမြဲလိုလို အသုံးပြုနေဖြစ်တဲ့ software တွေကို ဖော်ပြချင်ပါတယ်။ အသုံးတည့်မယ်ဆိုရင်ပဲ ကျနော် ပို့စ်ရေးရကြိုးနပ်ပါတယ်။ download link လေးတွေကိုပါ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။

browser နှစ်ခုလုံးကို ကျနော်သုံးတယ်။ နှစ်ခု စလုံးလဲ မြန်လဲ မြန်တယ် စိတ်လည်း ချရတယ်။ နောက်ထပ် Add-on တွေ ထပ်ထည့်ချင်သေးတယ် ဆိုရင်တော့ Firefox ကိုသုံးပေါ့ (i.e. ad blocker, password manager, video downloader, page translator etc.) Google Chorme ကတော့ add-on အတွက် limited တော့ ဖြစ်နေ တုန်းပဲ။ (10 Cool Extensions for Google Chrome.)

၂။ Auslogics Disk Defrag (Disk Defragmenter)
 window မှာ နဂိုကတည်းက disk defragment ပါပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် Auslogics က အသုံးပြုရလဲ လွယ်တယ်၊ မြန်လဲ မြန်တယ်။ CNET.com မှာတော့ Auslogics က poll အများဆုံးရထား လို့ အသုံးပြုသူများ ရဲ့နှစ်သက်မှု အရဆုံးလဲဖြစ်ပါတယ်။

Download Auslogics Disk Defrag: www.auslogics.com/en/software/disk-defrag/overview
(Platform: Windows only)

၃။ Glary Utilites (System Maintenance)
Glary Utlities က အလုံးစုံ Free ဖြစ်ပြီးတော့ သင့်ရဲ့computer ကို Protecting, cleaning, repairing နဲ့ computer speed ကို one-click option လုပ်ပြီး အရှိန်မြှင့်စေမှာဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက installation လုပ်နေ စဉ် အချိန်မှာ Ask Search toolbar လုပ်မလားလို့ မေးစဉ် uncheck လုပ်ထားခဲ့ရမှာပဲဖြစ်ပါတယ်။
Download Glary Utilities: www.glaryutilities.com/gu.html?tag=download
(Platform: Windows only)

၎။ IZArc (Universal Archiver / Extractor)
winzip, winrar တွေကို ဖြည်နိုင် compress လုပ်နိုင်တဲ့အပြင် format ပေါင်း ၄၀ ကျော်ကိုလဲ compress/ decompress လုပ်ပေးနိုင်ပါတယ်။ 7-ZIP, A, ACE, ARC, ARJ, B64, BH, BIN, BZ2, BZA, C2D, CDI, CAB, CPIO, DEB, ENC, GCA, GZ, GZA, HA, IMG, ISO, JAR, LHA, LIB, LZH, MBF, MDF, MIM, NRG, PAK, PDI, PK3, RAR, RPM, TAR, TAZ, TBZ, TGZ, TZ, UUE, WAR, XXE, YZ1, Z, ZIP, ZOO. etc.... ဒါ့အပြင် CD image များဖြစ်တဲ့ ISO, BIN, CDI and NRG files များကိုလဲ ဖွင့်ပေးနိုင်ပါတယ်။
Download IZArc: http://www.izarc.org/download.html
(Platform: Windows only)
Note: When installing IZArc make sure to uncheck the "recommended" option to install PalTalk.


၅။ Google Picasa Software (Photo Management)
Picasa က သင့် ကွန်ပျူတာ ထဲမှာ ရှိတဲ့ ပုံတွေကို အလိုအလျောက် ရှာပေးနိုင်ပြီးတော့ မိနစ်ပိုင်းအတွင်းမှာ စုဆောင်းပေးနိုင်ပါတယ်။ face recognition effect လဲ ပါဝင်ပြီး နောက်ထပ် features တွေကတော့ video slideshows, photo collages တွေလုပ်နိုင်ပါတယ်။ Photos များကို Album အလိုက် Folder အလိုက် ဖွင့်နိုင်ပါတယ်။ Youtube video. ဒါလေးကို ကြည့်ပြီး လုပ်မယ် ဆိုရင်တော့ ပိုအဆင်ပြေသွားပါလိမ့်မယ် ဒီထက်ပိုသိချင်တယ် ဆိုရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ် guide for Picasa
Download Picasa Software: http://picasa.google.com/
(Platform: Windows / Mac / Linux)

၆။ doPDF (PDF Printer)
တစ်ခါတစ်ခါမှာ လူတိုင်းလောက် နီးနီး ကိုယ့်ရဲ့ documents တွေကို PDF ပြောင်းဖို့ လိုတာ ရှိပါလိမ့်မယ်။ အဲဒါဆိုရင်တော့ doPDF လေးကို သုံးဖို့ ညွှန်းပါရစေ။ လွယ်လွယ်လေးပါပဲ web page ကိုပဲ PDF ပြောင်းချင်သလား။ ဒါမှ မဟုတ် word documentလား၊ Excel spreadsheet လား Photo တွေကို PDF အဖြစ်ပြောင်းချင် တယ်ဆိုရင်တော့ မည်သည့် ပရိုဂရမ်ကနေ မဆို drop-down menu ထဲက Print ဆိုတာလေးကို  နှိပ်ပြီး doPDF printer ကို ရွေးချယ် ပေးရုံပါပဲ။ dpi တွေကိုလဲ 72 ကနေ 2400 အထိ သင့်စိတ်ကြိုက် setup ပြုလုပ်နိုင်ပါတယ်။
Download doPDF: www.dopdf.com
(Platform: Windows only)






January 4, 2010

Barcamp Yangon is available now!





...Barcamp Yangon is Available Now...


Hi Everybody,
We are lunching now Barcamp Yangon Website and You can register now.


Why Should we register?
Yes, Barcamp is freedom and not limited. Every participants can come and share their knowledge. But if you have desire to share your knowledge at Barcamp Yangon, you need to register for your topic. And We will give gift for the participants. eg. T-shirt and other gadgets. Barcamp doesn't look like Seminar which are held by Geeks. Be feel freely, even attendees can discuss their topics. Wow! isn't cool?

When and Where
You can see detail on Barcamp Yangon Website.
Date :January 23 and 24, 2010
Place : Myanmar Info Tech

Hey don't miss the chance! Barcamp has been held all over the world. This is the first time for us. And you can get new technology, knowledge and international network. Ah.. You can also access free wireless connection at Barcamp Yangon. Don't forget to take your notebook. But don't worry, if you don't have notebook, we will give PC for you.

If you want to know about Barcamp more detail, you can read at Barcampyangon.org and Htoo Tay Zar's Blog.

post from here

January 3, 2010

2010



...2010...


2009 နောက်ဆုံးည
ဘလော့ခ်ဂါ သူငယ်ချင်း အချို့နဲ့ အတူ ညခုနှစ်နာရီလောက်ကတည်းက ရွှေမန်းမှာ ထိုင်ဖြစ်တယ်။ ကိုဇော်ဇော့် ရဲ့ ကလေး နေမကောင်းဘူးဆိုလို့ အဲဒီ့ညမှာပဲ ကိုညီလင်းဆက်ဖိုးသူတော်တို့နဲ့အတူ သင်္ဃန်းကျွန်းဘက်ကို သတင်းသွားမေးဖြစ်တယ်။ အလုံးစုံ အကုန်ပြီးတော့ အိမ်ပြန်လာခဲ့ပြီး 2009 ရဲ့ နောက်ဆုံးည ကို သီချင်းဆို ဂစ်တာတီးရင်း Happy New Year လို့ တစ်ခွန်းမှ မအော်ပဲနဲ့ ကုန်ဆုံးပစ်လိုက်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေဖုန်းတွေကို SMS ပို့ပြီးတော့ Happy New Year လို့ အော်ပစ်လိုက် သေးတယ်။

2010 မနက်....

အူကြောင်ကြောင်နဲ့ နိုးလာပြီးတော့။ ဆေးလိပ်တစ်လိပ် ကို မီးညှိကာ အိမ်သာ ထဲမှာ ဆေးလိပ်တစ်လိပ်ကုန် သည် အထိ အချိန်ဖြုန်းပစ်လိုက်တယ်။ အိမ်သာ ထဲက ထွက်လာတော့ 2009 က အစားအစာ တွေက မကျေ လို့ ထင်ပါရဲ့ တဝေါ့ဝေါ့နဲ့ ထိုးအန်ပါလေရော။ 2010 အစမှာတော့ ဆေးခန်းသွားခြင်းနဲ့ အစထွက်ခဲ့ပြီ။ ဆရာဝန် ကတော့မှာလိုက်လေရဲ့ 2 နာရီခြား တစ်ခါ အစာ စားဖို့နဲ့ စားရင် ပျော့ပျော့လေး စားဖို့ ဆေးလိပ်၊ အရက် လုံးဝ မသောက်ဖို့ မှာလိုက်လေရဲ့...............။

2010 ရည်မှန်းချက်
ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုတော့ လုပ်ဦးမယ် စိတ်ကူးတယ်။ ပြီးတော့ သတင်းမီဒီယာ လုပ်ငန်းကြီးတစ်ခု ကိုလဲ ပိုင်ချင်သေးတယ်။ အဆိုးဆုံးရည်မှန်းချက်ကတော့ သိန်းခုနှစ်ထောင်လောက်တော့...လက်ဝယ်ပိုင်ဆိုင်ချင်မိ တာပဲ။



December 24, 2009

I wish you to merry christmas !!!!!




...I wish you to merry christmas...

Image Hosted by ImageShack.us

အခုတစ်လော ဘလော့ခ်လဲ မရေးချင်ဘူး။ ဖတ်တဲ့ Reader တွေကိုလဲ အားနာမိတယ်။ လောလော ဆယ်တော့ ခရစ်စမတ် wish လေးသာ ယူထားကြပါဦးခင်ဗျာ။ ပို့စ်တွေ နောက်ထပ် ရေးပါဦးမယ်။ လာရောက် လည်ပတ်သူ အားလုံး ခရစ်စမတ် အားလပ်ရပ် အခါသမယမှာ ပျော်ရွင်ကြည်နူးချမ်းမြေ့ကြပါစေ....။

December 10, 2009

Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး


...Barcamp Yangon သတင်းမီဒီယာ ရှင်းလင်းပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး...



Barcamp Yangon နဲ့ ပတ်သတ်လို့ စာနယ်ဇင်းများသို့ ရှင်းလင်းပွဲကို ဒီနေ့ (10-Dec-2009) ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ တာမွေအဝိုင်းထိပ်မှာရှိတဲ့ Moon Bakery မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို 7 Days၊ Internet၊ Myanmar Post၊ ပြည်မြန်မာ၊ အလင်းတန်း၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Time to Time၊ Knowledge Bridge၊  Flower News၊ PC Magazine စတဲ့ သတင်းမီဒီယာများမှ လာရောက်သတင်းယူ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

ဒီရှင်းလင်းပွဲမှာ ကိုဇော်ဇော်မျိုးလွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး Public Relation Team မှ မထိုက်ထိုက်အောင်က Barcamp များ ဖြစ်ပေါ်လာပုံ၊ Barcamp များရဲ့ သဘောသဘာဝများကို Website များကို ကိုးကားပြီး ရှင်းလင်းပြသခဲ့ပါတယ်။ ကိုဇေသီဟမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ Barcamp များကို ထောက်ပံ့ပေးခြင်းဖြင့် Barcamp လာရောက်သူ ပရိသတ်များနဲ့ လုပ်ငန်းရှင်များ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်လူငယ်များအားလုံးကို ဘယ်လို အကျိုးဖြစ်ထွန်းစေနိုင်သလဲ ဆိုတာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကိုသက်ထူး(မျက်လုံး) မှ Barcamp Yangon မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး။ လိုအပ်တဲ့ ဖြည့်စွက်ချက် အချို့ကို ကျနော်(ကျော်ဇေယျ)မှ ဖြည့်စွက် ရှင်းလင်းခဲ့ပြီး စာနယ်ဇင်းများမှ သိလိုတဲ့ အချက်များကိုတော့ ကျွန်တော်တို့ အဖွဲ့သားအားလုံးမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရှင်းလင်းပွဲ ကျင်းပ နေတဲ့အချိန်မှာပဲ Facbook နှင့် Twitter (www.twitter.com/barcampyangon) များမှာလည်း Live update များ တင်ဆက်ပေးခဲ့ပါတယ်။

Image Hosted by ImageShack.us

Barcamp ကို Barcamp Bangkok, Barcamp KL စသည်ဖြင့် ကျင်းပတဲ့ မြို့အမည်နဲ့ တွဲပြီး မှတ်တမ်းတင်လေ့ရှိပါတယ်။ အာရှနိုင်ငံများအနေနဲ့ ပြောရရင် Singapore, Malaysia, Kazakhtan, Thailand, India, Vietnam နိုင်ငံတို့မှာရှိတဲ့ မြို့အသီးသီးမှာ Barcamp တစ်ကြိမ်ထက်မနည်း ကျင်းပပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ India ဆိုရင် သူ့ရဲ့ မြို့ အသီးသီးမှာ Barcamp ၂၇ ကြိမ်လောက် ပြုလုပ်ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။

အခြားသော Africa နိုင်ငံများ၊ Arab နိုင်ငံများ၊ America နိုင်ငံများ၊ Europe နိုင်ငံများမှာရှိတဲ့ မြို့အသီးသီးမှာလည်း Barcamp များ အကြိမ်များစွာ ပြုလုပ်ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်ပြီး ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတွေ၊ မြို့တွေလည်း အများအပြား ရှိပါတယ်။

Barcamp Yangon ပွဲကို ၂၀၁၀ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်နေ့များတွင် Myanmar Info-Tech တွင် ကျင်းပသွားမှာဖြစ်ပြီး ၎င်းပွဲဖြစ်မြောက်ရေးအတွက် MCPA မှ ဦးဆောင်ပြီး Freelance လူငယ် အိုင်တီသမားများနှင့် ပူးပေါင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထပ်မံ၍ ပူးပေါင်းပါဝင်လိုတဲ့ အိုင်တီသမားများ၊ Volunteer များကိုလည်း ဖိတ်ခေါ်ပါတယ်။


 


ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ Barcamp Yangon ဟာ ပထမဆုံး အကြိမ် ကျင်းပမယ့် Barcamp တစ်ခုဖြစ်ပါတယ်။ Barcamp Yangon မှာ နယ်ပယ်အသီးသီးမှာ ရှိတဲ့ လုပ်ငန်းရှင်၊ ပညာရှင်၊ ဝါသနာရှင်များကို စုစည်းပြီး ကိုယ့်ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ ဗဟုသုတ၊ အကြံဉာဏ်တွေကို ဖော်ထုတ်စုစည်းနိုင်ဖို့၊ လက်တွေ့ အကောင်အထည် ဖော်ကြဖို့အတွက် Open Environment တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ Barcamp Yangon မှာ ကျွန်တော်တို့ရဲ့ အသိဉာဏ်ဗဟုသုတတွေကို လွတ်လပ်ပွင့်လင်းစွာ ဖလှယ်ကြဖို့၊ ပြန့်ကျဲနေတဲ့ Idea တွေကို ဝါသနာတူ၊ စိတ်တူ၊ ကိုယ်တူသူများနဲ့ စုစည်း အကောင်အထည်ဖော်နိုင်ကြဖို့ အဓိက ရည်ရွယ် ကျင်းပသွားမှာပါ။ Barcamp Yangon မှာ ဘယ်နယ်ပယ်၊ ဘယ်ဘာသာရပ်တွေကို အဓိက ဆွေးနွေးကြမယ်ဆိုတာ တက်ရောက်တဲ့ပရိသတ်များက ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျွန်တော်တို့က ပရိသတ်ကို အချိန်၊ နေရာ၊ စသည်ဖြင့် organize လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဘာသာရပ်မျိုးစုံမှာ အားလုံးရဲ့ ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု၊ သရုပ်ပြမှု၊ အပြန်အလှန်ထိတွေ့မှုကနေ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ယူဆပါတယ်။

Image Hosted by ImageShack.us

Barcamp Yangon အတွက် Logo ပြိုင်ပွဲလေးတစ်ခုကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပြီး အရွေးချယ်ခံရတဲ့ ဒီဇိုင်းဆုအတွက် ငွေသားထက် အမှတ်တရ လက်ဆောင် တစ်ခု ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် Logo ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး Web Development Team မှ ကိုထူးတေဇာ tayzar44@gmail.com ထံကို ပေးပို့သွားရမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ Barcamp တွေရဲ့ Logo တွေကို http://barcamp.org/LogoGallery မှာ လေ့လာကြည့်ရှုနိုင်ပါတယ်။

လူဦးရေ အရေအတွက်ပေါ် မူတည်၍ စီစဉ်စရာများရှိတဲ့အတွက် ပါဝင်လိုသူများ၊ တက်ရောက် လိုသူများ အနေနဲ့ www.barcampyangon.org မှာ ကြိုတင် register ပြုလုပ်ဖို့ လိုအပ်ပါတယ်။ Lucky Draw အစီအစဉ်များ၊ Gift Pack များပေးသွားမယ့် အစီအစဉ်များ၊ စားသောက်ဖွယ်ရာများနဲ့ အခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကိုလည်း အလျဉ်းသင့်သလို ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာ၊ အတွေ့အကြုံ၊ အကြံဉာဏ်များကို ဖလှယ်ဖို့ စိတ်ဝင်စားသူအားလုံး Barcamp Yangon မှာ ဆုံကြဖို့ မျှော်လင့်ပါတယ်။